ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးအား ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ လာရောက်ဖူးမျှော်ပြီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးအား ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ လာရောက်ဖူးမျှော်ပြီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး






MNP ၊    ဇွန်   ၁၁

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ  ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား  ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများသည် ယနေ့၊ နံနက်ပိုင်းက လာရောက်ဖူးမျှော်ကာ မုန်ခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ သည့် သာသနာ့အဆောက်အအုံများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


    ဦးစွာ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် ဦးရာဇ်တော်ဘုရားဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဦးရာဇ်တော်ဘုရားဘက်စုံမွမ်းမံပြုပြင်ရန်အတွက် ဗိုလ်မှူးချုပ်ဝင်းမောင်မှ အလှူငွေများလှူဒါန်းပေးပြီး၊  ဂေါပကအဖွဲ့မှ ဦးရာဇ်တော်စေတီပုံတော်အား အမှတ်တရ လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်ခဲ့သည်။


ထိုနောက်ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား ဖူးမျှော်ပြီး၊ ဆီမီး၊ ပန်း၊ ရေချမ်းများကပ်လှူပူဇော်ကာ မုန်ခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော သာသနိကအဆောက်အအုံများ၊ ဦးရာဇ်တော်ဓာတ်လှေကားနှင့်ကြိုးတံ တားပျက်စီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊  လိုအပ်သည်များကို တာဝန်ရှိသူများ

နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)