၂၀၂၃-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ



MNP ၊    ဇွန်   ၁၁

၂၀၂၃ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ ခန်းမတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အသင်းနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။


ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက ယင်းမာပင်ခရိုင် အသင်းနှင့် ကလေးခရိုင်အသင်းတို့ ဗိုလ်လုပွဲယှဥ်ပြိုင်နေမှုအား တက်ရောက်လာကြသူများနှင့် အတူ ကြည့်ရှုအားပေးခဲ့ရာ ကလေးခရိုင်အသင်းက ယင်းမာပင်ခရိုင်အသင်းကို ၇ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့သည်။


ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပွဲစဥ်တစ်ေလျှာက် ဂိုးသမားအကောင်းဆုံးဆုရ ကလေး ခရိုင်အသင်း ဂိုးသမား ဟောက်ရှန်ထွဏ်အား ဆုရုပ်ထုနှင့် ငွေသားစုများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက လည်းကောင်း၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံး အားကစားသမား ဆုရရှိသော ကလေးခရိုင်မှ ကျော်သူရအား တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း ကလည်းကောင်း၊  ပူးတွဲတတိယဆုရရှိသော ခန္တီးခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က လည်းကောင်း၊ ပူးတွဲတတိယရရှိ‌သော ကသာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ဆုများအား တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က လည်းကောင်း၊ ဒုတိယဆုရရှိသော ယင်းမာပင် ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား တိုင်း‌ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစောနိုင်က လည်းကောင်း၊ ပထမဆုရ ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို တိုင်းဒေသကြီး စီးပွား‌ရေးရာဝန်ကြီး ဒေါ်ရီရီသန်းက လည်းကောင်း၊ ပထမဆုရ က‌လေးခရိုင်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လည်းကောင်း အသီးသီးဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ ၂၀၂၃ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကို ဇွန် ၆ ရက်နေ့မှ ၉ ရက်နေ့အထိ တိုင်းဒေသကြီး အတွင်းရှိ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်နှင့် ဟုမ္မလင်းခရိုင်တို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)