ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သွေးလွန်တုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သွေးလွန်တုပ်ကွေး ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ


MNP ၊    ဇွန်   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် ဇွန်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက  သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) အစီအစဉ် ကျင်းပပြုလုပ်သည်။


ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က အသိပညာပေး (Talk Show) အစီအစဉ်များ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး  သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပုံနှင့် ရောဂါလက္ခဏာများ၊  စာကြည့်တိုက်လက်ထောက်-၃ ဒေါ်မွန်ဇာဝင်းက  သွေးလွန် တုပ်ကွေးရောဂါ၏ ဆိုးကျိုးများ၊ ကာကွယ်ရမည့် နည်းလမ်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးကြကြောင်း  သိရသည်။


ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး (Talk Show) အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)