ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ ဒုတိယကမ္ဘာစစ်အပြီး ပြန်လည် တည်ထားကိုးကွယ်ခြင်း (၇၅)နှစ်မြောက် စိန်ရတုအထိမ်း အမှတ် မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ ဒုတိယကမ္ဘာစစ်အပြီး ပြန်လည် တည်ထားကိုးကွယ်ခြင်း (၇၅)နှစ်မြောက် စိန်ရတုအထိမ်း အမှတ် မင်္ဂလာအခမ်းအနား ကျင်းပ


MNP ၊ ဇွန် ၂

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်တည်ထားကိုးကွယ်ခြင်း (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မင်္ဂလာအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ အဆိုပါစေတီတော် ရင်ပြင်တော်ပေါ်၌ ပြုလုပ်ရာ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် သန်လျင်မင်းကျောင်း ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။        

 

ဦးစွာ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မင်္ဂလာအခမ်းအနားကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် အထိမ်းအမှတ်အဖြစ် ပူဇော် မည့် မြတ်စွာဘုရားဆင်းတုတော်နှင့် ဘုရားလောင်းဖွားမြင်ခြင်း ရုပ်တု၏ ကမ္ဗည်း ကျောက်စာတို့ကို တိုင်းမှူးက စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ ကမ္ဗည်းကျောက်များစာအား အမွှေးနံ့သာရည်များ ပက်ဖြန်းပူဇော်ကြသည်။ ထို့နောက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘိလပ်ပြန်နန်းဉီးဘုရားကြီး တန် ဆောင်း၌  ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်တည်ထားကိုးကွယ်ခြင်း (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အဖြစ် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ ရေစက်ချမင်္ဂလာကို ကျင်းပရာ တိုင်မှူးနှင့် တက်ရောက်လာကြများက ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဉီး စေတီ တော် ဘဏ္ဍာတော်ထိန်း၊ ဂေါပကအဖွဲ့၏ သြဝါဒါစရိယ တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တ သုန္ဒရ ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြ သည်။ ၎င်းနောက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဉီးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်က မုဒိတာစကားမိန့်ကြားသည်။ ယင်းနောက် ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးက အခမ်းအနား ကျင်းပ ရခြင်းနှင့်ပတ်သက်၍ တင်ပြလျှောက်ထားသည်။


ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)ထံ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အင်္ဂလိပ်ဘာသာပြန် ပိဋကတ်သုံးပုံ(၅)စုံနှင့် အလှူရှင်များက ဆောက်လုပ်လှူဒါန်းသော ပဉ္စဝဂ္ဂီငါးပါးအား တရားဉီးဓမ္မစကြာ ဟောကြားတော်မူသော မြတ်စွာဘုရားဆင်းတု တော်သတင်းသုံးမည့် ကျောင်းဆောင်သစ်အား လွှဲပြောင်းအပ်နှံကြပြီး ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် အလှည့်ကျသဘာပတိမှ  အလှူရှင်မိသားစုအား ထုတိ မင်္ဂလာဂုဏ်ပြုလွှာ  ပြန်လည်ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် သန်လျင်မင်းကျောင်း ဆရာတော်ထံမှ အနုမောဒ နာတရားနာယူကာ  လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာ တော်များအား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)