MNP ၊ ဇွန် ၅
ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့၌ ကျေးလက်ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်ကစတင်၍ ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ ခြင်းနှင့်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ် ငန်းများကို မြောက်ပိုင်းရပ်ကွက် အုပ် ချုပ်ရေးမှူးရုံးနှင့် အောက်ရွာကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ဆောင် ရွက်ခဲ့ရာ တွင် ကိုယ်ဝန် ဆောင် မိခင်နှင့် အသက် (၂)နှစ်အောက်ကလေးများအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယား ကာကွယ် ဆေး၊ ပိုလီယို သောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါ ကာ ကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို အလှည့် ကျ စနစ်ဖြင့် ရပ်ကွက်/ ကျေးရွာများသို့ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်းများက အကြိမ်ရေအလိုက် ထိုးနှံပေးလျက်ရှိသည်။
ဆက်လက်၍ စခမ်းမော်အုပ်စုရှိကျန်း မာရေးဌာနခွဲ၌လည်းကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်းသတင်းရရှိပါ
သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment