ရွှေတောင်မြို့နယ်အထကခွဲသရက်တောကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အထကခွဲသရက်တောကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ







MNP ၊    ဇွန်   ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို နှင့်ဝန်ထမ်းအဖွဲ့များသည် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် အထကခွဲ သရက်တောကျောင်းတွင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။


         အခမ်းအနားတွင်ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုနှင့်ဦးစီးမှူးဦးထက်နိုင်တို့ကမြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့်ဘေးအန္တရာယ်များအကြောင်း၊ငလျင်ဘေး၊ မိုးကြိုးဘေး၊ ဆူနာမီနှင့်မြေပြိုဘေးစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်တတ်သည့်အချိန်၊ နေရာဒေသအကြောင်းအရာများနှင့် ဘေးအန္တရာယ်များကျရောက်လာပါက ဆောင်ရန်၊ ရှောင်ရန်နှင့်သဘာဝ‌ဘေးအန္တရာယ်ကျရောက်တော့မည်ဟု ကြိုတင်သတင်းရရှိထားပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ငလျင်ဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ကြုံ‌တွေ့လာရပါက အဆောက်အဦးနှင့်ကွင်းပြင်များတွင် မည်သို့နေထိုင်ရမည်ကို လက်တွေ့ သရုပ်ပြသဆောင်ရွက်ပေးခဲ့ပြီး လက်ကမ်းစာစောင်နှင့်ဘောပင်များဝေငှပေးခဲ့ကြောင်း သိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)