တာဝန်သိစိတ်ဖြင့် ထိန်းကျောင်းတည့်မတ်ကြမည်ဆိုလျှင် မင်္ဂလာရှိသော တိုင်းပြည်ဖြစ်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာဝန်သိစိတ်ဖြင့် ထိန်းကျောင်းတည့်မတ်ကြမည်ဆိုလျှင် မင်္ဂလာရှိသော တိုင်းပြည်ဖြစ်မည်


နိုင်ငံတော်ကို ဦးဆောင်တယ်ဆိုတာက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ငါတို့တတွေ တက်ညီ လက်ညီနဲ့ ဆောင်ရွက်ကြရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော်အကြီးအကဲက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တွေမှာ လက်တွဲဆောင်ရွက်လို့ ရမယ့်ပုဂ္ဂိုလ်တွေကို တာဝန်တွေ ပေးအပ်ပြီး အစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

နိုင်ငံစီးပွားမြှင့်တင်ရေးအစည်းအဝေး တစ်ခုမှာ နိုင်ငံတော်ဝန်ကြီးချုပ်က သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေနဲ့ မိမိတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ယူဆောင်ရွက်နေတဲ့ အစိုးရဖြစ်တာနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယားများကို ပြန်လည်လေ့လာပြီး မိမိတို့ရဲ့ လုပ်ပိုင်ခွင့် တာဝန်များကို ယုံကြည်မှုရှိရှိနဲ့ ဆောင်ရွက်ကြဖို့ ပြောကြားခဲ့ရတာမျိုး ရှိခဲ့ပါတယ်။ 

ဒီစကားရပ်အပေါ်မှာ သုံးသပ်ကြည့်ရင် နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့က သက်ဆိုင်ရာ တိုင်းဒသေကြီးနှင့် ပြည်နယ်အစိုးရ ဦးဆောင်သူတွေမှာ ငါတို့ဟာ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်ဘူးဆိုတဲ့အသိနဲ့ လုပ်ငန်းကိစ္စမှန်သမျှ ညွှန်ကြားချက်စောင့်နေတာမျိုး မဖြစ်စေဖို့ နိုင်ငံတော်ဝန်ကြီးချုပ်က သတိပေးပြောဆိုရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ 

လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ရာမှာလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့် စီမံကိန်းတွေကို နှောင့်နှေးကြန့်ကြာအောင် လုပ်ခဲ့ကြတာတွေ ရှိတယ်။ အနှောက်အယှက်တွေ ရှိခဲ့တယ်။ ဆက်လက်ဖော်ဆောင်မယ့် စီမံကိန်းတွေမှာ ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြဖို့ ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုခဲ့တာမျိုး ရှိခဲ့ပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လျှပ်စစ်ဓာတ်အား စီမံကိန်းတွေ ဆောင်ရွက်ကြဖို့ စက်မှုဇုန်၊ မွေးမြူရေးဇုန်တွေ ဖော်ထုတ်ကြဖို့ တိုက်တွန်း ပြောဆိုခဲ့ဖူးပါတယ်။

ဇွန်လ (၁၂)ရက်နေ့က ကျင်းပခဲ့တဲ့ အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးမှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က -

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မြေများကိုအပြည့်အဝအသုံးချနိုင်ရန်နှင့် မြေကိုအကျိုးရှိရှိ အသုံးချရန် လိုကြောင်း၊ လှပ်မြေများမကျန်ရှိစေရေး စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း စနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် မွေးမြူရန်လို ကြောင်း၊ စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုဆောင်ရွက်မှသာ ထွက်ကုန် များပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ အထွက်တိုးအောင် ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကိုလည်း အနည်းဆုံး ဧကကွက်များအဖြစ်ဖော် ထုတ်ဆောင်ရွက်ပြီး အပြည့်အဝအကျိုးရှိစွာ အသုံးချနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးမြေ များနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်အညီ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများတွင်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း။

ကုန်ပစ္စည်းများရောင်းဝယ်ခြင်းတွင် အဆင့်ဆင့်ရောင်းဝယ်မှု နှင့်ပတ်သက်၍ ပြုပြင်ခြင်းများဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက်ဆောင်ရွက်ရာတွင် တိုင်းပြည်၌ ရှိသင့်ရှိထိုက်သည့် ကုန်ဈေး နှုန်များဖြစ်စေရန်အတွက် ကုန်ထုတ်လုပ်မှုပမာဏများ မြှင့်တင်ရန်အရေးကြီးကြောင်း၊ မိမိတို့၏ရည်မှန်းချက်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာများပေါများ ရေးကို အကောင်အထည် ဖော်ဆောင်ရွက်ရေးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုး မွေးမြူရေးနိုင်ငံဖြစ်ပြီး  မြေသယံဇာတများ၊ ရေသယံဇာတများနှင့် လူသားအရင်း အမြစ်များရှိသော်လည်း စားရေရိက္ခာများ ဈေးနှုန်းကြီးမြင့်ခြင်းမှာမဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ကြောင်း၊ 


အဓိကအချက်အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ် က -

ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုသည့် နိုင်ငံရေးရည်မှန်းချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ် များကို လုပ်ပိုင်ခွင့်များပေးထားကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဝင်ငွေ ရရှိရန်လိုအပ်သဖြင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အလားတူပင် ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုသည် နိုင်ငံအတွက်အရေးကြီးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း၊ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းများသည် ပြည်တွင်းဈေး ကွက်လိုအပ်ချက်ကိုသာမက ပြည်ပဈေးကွက်များသို့ပါ တင်ပို့နိုင်သည့် အရည်အသွေး မြင့်ထုတ်ကုန်များဖြစ်ရန်လိုအပ်ကြောင်း။

ထုတ်ကုန်များထုတ်လုပ်ရာတွင် သယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲရာတွင် မြေအောက်တွင်းထွက်သယံဇာတများကို သုံးစွဲခြင်းထက် မြေပေါ်သယံဇာတဖြစ်သည့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များထုတ်လုပ်ခြင်း၊ ရေသယံဇာတသုံးစွဲရာတွင်လည်း ဖမ်းဆီး ခြင်းထက် မွေးမြူခြင်းကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်း ကိုထိန်းညှိနိုင်သည့် ကုန်ထုတ်လုပ်မှုမျိုး ဖြစ်ရန်လိုအပ်သဖြင့် ချိန်ထိုးဆောင်ရွက်ကြ ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ ငွေကြေးစီးဆင်း လည်ပတ်မှုကောင်းမွန်ပြီး ဒေသစီးပွားနှင့် နိုင်ငံ့စီးပွားတိုးတက်လာမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ပြည်တွင်းမှထုတ်လုပ်သည့် ကုန်ကြမ်းများကို အဓိကထားအသုံးချရန်လိုကြောင်း၊ ယခင်ကာလများကဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များအပေါ် သင်ခန်းစာများယူ၍ မိမိတို့တာဝန်ယူချိန်ကာလအတွင်း နိုင်ငံ့စီးပွားရေးကို ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင် ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ကြိုးပမ်း ဆောင်ရွက်မှုများ၏ အကျိုးရလဒ်ကို နောင်မျိုးဆက်များ ခံစားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အခြေခံစားကုန်များကိုလုံလောက်စွာထုတ် လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ် အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်သူများအနေဖြင့် ပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများအနေဖြင့်လည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်နေ ရန်လိုကြောင်း၊ ယခုအခါ စက်သုံးဆီနှင့် မြေဩဇာ စသည့်သွင်းအားစုဈေးနှုန်းများမှာ ယခင်နှစ်ကထက်ကျဆင်းသွားပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းများမှာ ကြီးမြင့်လျက် ရှိနေသေးသည်ကိုတွေ့ရှိရကြောင်း ထည့်သွင်းပြောကြားသွားတာကို တွေ့ရပါတယ်။

တချို့ကိစ္စတွေမှာ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောစရာမလိုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ့အရ သက်ဆိုင်ရ တာဝန်ရှိသူများက လုပ်ဆောင်သွားလို့ ရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ အခြေခံကုန်ဈေးနှုန်း ကြီးမြင့်မှုက လမ်းခရီးမှာ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အခွန်အခမဟုတ်ဘဲ တရားမဝင် ဂိတ်ကြေးတွေ၊ ဆက်ကြေးတွေ ပေးဆောင်နေရတာလည်း ရှိပါတယ်။ ဒါတွေကိုလည်း သက်ဆိုင်တဲ့ ဝန်ကြီးဌာနများက ထိန်းကျောင်း တည့်မတ်သွားမယ်ဆိုရင် ပြည်သူတွေမှာ စားသောက်ကုန်တွေအတွက် မလိုလားအပ်တဲ့ ထပ်ပိုးကုန်ကျစရိတ်တွေ သက်သာသွားမှာ ဖြစ်ပါတယ်။ ကုန်သည်၊ လုပ်ငန်းရှင်များအနေနဲ့ကတော့ ကျသင့်တဲ့ ကုန်ကျစရိတ်အပေါ်မူတည်ပြီး အမြတ်ရအောင် ရောင်းကြမှာပဲ ဖြစ်ပါတယ်။

ကုန်လမ်းပို့ဆောင်ရေးမှာ အထူးသတိပြုရမယ့် ကိစ္စတစ်ရပ်ကတော့ ကုန်တင်ကားတွဲခေါင်းတွေ၊ တွဲနံပါတ်တွေကို လုပ်ငန်းရှင်တွေက ပွားထားကြတဲ့ သတင်းမျိုးတွေ ကြားသိရပါတယ်။ အလွန်ကြီးလေးတဲ့ ပြစ်မှုပါ။ လမ်းခရီးမှာ လက်ဝါးချင်းရိုက်နေကြတယ်ဆိုတာဟာလည်း အဲဒီလို တရားမဝင် မော်တော်ယာဉ်တွေဆီက လက်ဝါးချင်းရိုက်နေတာလားဆိုတာ စိစစ်ကြရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲများက တိုင်းပြည်မှာ ပျက်ယွင်းနေတဲ့ ကဏ္ဍအသီးသီးကို တည့်မတ်နိုင်သမျှ ထိန်းကျောင်းတည့်မတ်နေတဲ့အချိန်မှာ သက်ဆိုင်ရာနယ်ပယ်အလိုက် တာဝန်ရှိသူများက ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတာလေးတွေကို လျှော့ပေါ့ပြီး တည့်မတ်နိုင်သမျှ ထိန်းကျောင်း တည့်မတ်သွာမယ်ဆိုရင်ဖြင့် မင်္ဂလာရှိသော နိုင်ငံတော် ဖြစ်မှာပါ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)