MNP ၊ ဇွန် ၁၆
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကိုယမန်နေ့ညနေပိုင်းက ပန်းကုန်းမွန်ကျေးရွာ သာယာကုန်းတိုက်ကျောင်း၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်ကျော်လတ်က နိုင်ငံတော်မှထောက်ပံ့မှုဖြင့် ယခုသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မိမိ၏ငွေမကုန်ဘဲ သင်တန်းတက်ရောက်ရာတွင် သင်တန်းသူများအနေဖြင့်သင်တန်းပြီးဆုံးသည်ထိတက်ရောက်ပေးကြလို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ၊ စက်ချုပ်ပညာသည် လူတိုင်းတက်သိနားလည်အောင် အခြေခံစက်ချုပ်ပညာသင်ထားသင့်ပါကြောင်း၊ အဝတ်အစားသည်လူတိုင်းမဖြစ်မနေဝတ်ဆင်ကြသည့်အတွက် စက်ချုပ်ပညာသည်လူတိုင်းတွက်အရေးကြီးပါကြောင်းအမှာစကားပြောကြားသည်။
ထို့နောက် ပေါင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နွေးနွေးက ယခုသင်တန်းဖွင့်လှစ်ရခြင်းသည် မြန်မာအမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာစေတဲ့အတွက် သင်တန်းဖွင့်လှစ်ပေးတဲ့အတွက် ဝမ်းသာပါကြောင်းကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် စိတ်ပါဝင်စားသည့်သင်တန်းသူများ တက်ရောက်ကြပြီ သင်တန်းကာလမှာ တစ်လ ကြာမြင့်သွားကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment