မိုင်းပျဉ်းမြို့တွင် သစ္စာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့တွင် သစ္စာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်


MNP ၊    ဇွန်   ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် စည်ပင်သာယာရေးဌာနမှ မြို့နယ်ဖွံ့ဖြိုးတိုးတက်သာယာလှပရေးလုပ်ငန်းများကို စဉ်ဆက်ပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပိန်းဆန်းရပ်ကွက်အတွင်းရှိ သစ္စာလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


အဆိုပါ ပိန်းဆန်းရပ်ကွက်အတွင်းရှိ သစ္စာလမ်းအား ၂၀၂၃−၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် ပြည်နယ်ခွင့်ပြုရန်ပုံငွေေ (၁၈၇)သိန်းဖြင့် ဆောင်ရွက်ရန် လျာထားသည့် အရှည်ပေ (၃၆၀)၊ အကျယ် (၁၀)ပေနှင့် အမြင့်ထုထည် (၆)လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းနွံမောင်က ဆောင်ရွက်နေမှုအား မိုင်းပျဉ်းမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


ရန်နောင်ထွန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)