MNP ၊ ဇွန် ၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်များ ယနေ့ နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့၌ ထုတ်ပြန်ထားခဲ့ရာ သထုံမြို့နယ်အတွင်း၌ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၇၂.၁၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
သထုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက(၁)သထုံနှင့် အထက(ကျိုက္ကော်) စာစစ်ဌာနနှစ်ခုတို့၌ ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၅၂၀ ဦးရှိပြီး ၃၇၅ ဦး အောင်မြင်ကြောင်း၊ အောင်မြင်သူများအနက် ၆ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၇ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၃ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၄၃ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၂၅ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၁၉၂ ဦးရှိပြီး မြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၇၂.၁၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment