ဂွမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်မှု ၇၁.၅၁ရာခိုင်နှုန်းရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်မှု ၇၁.၅၁ရာခိုင်နှုန်းရှိ




MNP ၊    ဇွန်   ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို   မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်း၌ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။


၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်စာစစ်ဌာနများဖြစ်သည့် အထက (ဂွ)၊အထက(ဆပ်သွား)နှင့် အထက(ကျိန္တလီ)တို့တွင်စာစစ်ဌာန(၃)ခုသတ်မှတ်ထားပြီး စာစစ်ဌာနများတွင်ကျောင်းသား၊ကျောင်းသူ ၃၇၂ဦးဝင်ရောက်ဖြေဆိုခဲ့ရာအောင်မြင်သူ၂၆၆ ဦးအနက်မှ ၃ဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊၂ဘာသာဂုဏ်ထူးရှင်(၂၁ )ဦးနှင့်၁ဘာသာဂုဏ်ထူးရှင်(၈၂ )ဦးတို့ဖြစ်ပြီး အောင်ချက်ရာနှုန်းမှာ ၇၁.၅၁ ရာခိုင်နှုန်း ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)