MNP ၊ ဇွန် ၁၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး နှင့် ခြင်ကိုက်ခံ ရခြင်း ကြောင့်ဖြစ်ပွားတတ်သည့် အခြား ရောဂါ များ မဖြစ် ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းခန်းမ အတွင်းဟောပြောခဲ့သည်။
ထို့သို့ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီး မောင်ခင်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ခင်စော ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မိုးရာသီအတွင်းဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ ၊ သွေးလွန် တုပ်ကွေး မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန် နည်းလမ်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ပေးခြင်း၊ မလှဲ မသွန်နိုင်သော နေရာများကို အဘိတ်ဆေးများ ခပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွား နိုင်သော ရေ လှောင်ကန်များ၊ ရေစည် များ၊ ရေတွင်း၊ ရေကန်များ ထဲသို့ ပိုးလောက် လန်းသေ အဘိတ်ဆေးများ ခပ်ပေး ခြင်းများကို ဆောင်ရွက် လျက် ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းသား၊ကျောင်းသူလေးများက သိလိုသည်များအား မေးမြန်း ရာ မြို့နယ် ကျန်း မာရေး ဝန်ထမ်းများက ပြန်လည်ဖြေကြားပေးခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာ ပေးလက်ကမ်းစာစောင်များ ကို ဖြန့်ဝေ ပေးခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး နှင့် ဆရာ ၊ ဆရာမ ၊ ကျောင်းသား ၊ကျောင်း သူ ၃၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost




No comments:
Post a Comment