အမ်းမြို့နယ်၌ အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသ





MNP ၊    ဇွန်   ၁၆

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်းအား ယနေ့ မွန်းလွဲပိုင်း အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ တွဲဖက်ဖွင့်လှစ်‌သည့် စက်မှု၊ စိုက်ပျိုး ရေး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးစန်းဝင်းက ကျောင်းသားကျောင်းသူများ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အ ကြောင်းအရင်းများ၊ မူးယစ်ဆေး ဝါး၏ နောက်ဆက် တွဲရလဒ် ဆိုးကျိုးများအကြောင်း၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒများ၊ မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရောဂါလက္ခဏာများအကြောင်း၊သုံးစွဲခြင်းဖြင့် ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအ ကြောင်းတို့ကို ဟောပြောခဲ့သည်။ 


ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးဝင်းနိုင်စိုးက ကျောင်းသားလူငယ်များအနေဖြင့် ပုံစံမျိုးစုံနှင့် ဝင်ရောက်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင် ရှားတတ်ကြစေရန် လိုအပ်ပါကြောင်း၊ အပေါင်းအသင်းကြောင့် ဖြစ်စေ မိမိတို့စိတ်ကဖြစ်စေ အစပြု၍ လုံးဝမသုံးစွဲကြစေရန်၊မူးယစ်ဆေးဝါးအန္တရာယ်ကို ကျောင်းပတ်ဝန်းကျင်တွင် ကင်းရှင်းစေရေးတို့ကို ဟောပြောခဲ့သည်။


 ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်း သားကျောင်းသူများမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးကြရာ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ  ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါဟောပြောပွဲတွင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်း စကား လက်ကမ်းစာစောင်အား အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ပြသထားသည့် မူးယစ် ဆေးဝါးနှင့် ပတ်သက်သည့် နံရံ ကပ်စာစောင်များ ဓာတ်ပုံများအား ကျောင်းသားကျောင်း သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)