MNP ၊ ဇွန် ၅
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကို ဇွန်(၅)ရက်နေ့ နံနက်(၈)နာရီအချိန်က ကျိုက်ထိုမြို့နယ် မြို့ရှောင်လမ်းနှင့် ကင်မွန်းချောင်းကျေးရွာသွားလမ်းဆုံ၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးဝင်းက ခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်နိုင်ထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့ များထံ ပျိုးပင်များလွှဲပြောင်းပေးအပ်ပြီးနောက် မန်ဂျန်ရှား(၃၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ကျိုက်ထိုခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ လူမှုရေး အသင်းအဖွဲ့များတက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment