MNP ၊ ဇွန် ၅
၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အစိုးရရပ် ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကုမ္ပဏီအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres မှပေးပို့သည့် သဝဏ်လွှာအား ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်း မောင်မှ ဖတ်ကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ပြသခဲ့သည်။ ထို့နောက် ကျောက်ဖြူခရိုင်၊ ခရိုင်အဆင့်၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများဆု(Clean and Green School Award) (အထက်တန်းအဆင့်နှင့် မူလတန်းအဆင့်)တို့၌ ပထမဆုရရှိသည့် ကျောက်ဖြူမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမ်းမြို့နယ်၊ အခြေခံပညာမူလတန်း (သစ်ပုတ် ပင်ဒိုင်)ကျောင်းတို့အား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး သန့်ရှင်း၍စိမ်း လန်းစိုပြည်သောကျောင်းများဆု(Clean and Green School Award) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည့် ကျောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရာ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများက လက်ခံရယူသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာ သူများအား (အထက်တန်းအဆင့်နှင့် မူလတန်းအဆင့်)တို့၌ ပထမဆုရရှိခဲ့ကြသော ကျောင်းများ ၏ Video Clip ပြသခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့”ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” “Solutions To Plastic Pollution” နံရံကပ်ပိုစတာများ၊ နံရံကပ်စာစောင်များနှင့် ဌာနအတွင်း ပတ်ဝန်းကျင်အရည်အသွေးတိုင်းတာရေး စက်ကိရိယာ ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုအားလည်းကောင်း၊ ကုမ္ပဏီများမှ ပြသထားသည့် နံရံကပ် ပိုစတာများအားလည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ပြီး အဆိုပါဦးစီးဌာနနှင့်ကုမ္ပဏီများမှတာဝန် ရှိသူများက တက်ရောက်လာသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment