MNP ၊ ဇွန် ၁၂
နေပြည်တော် ပျဉ်းမနား လမ်းဘေးရေမြောင်းအတွင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး ကလေးမွေးဖွားခဲ့ပြီး ကလေးသေဆုံးမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ပျဉ်းမနားမြို့အထွက် လယ်ဝေးလမ်းဟောင်း လမ်းဘေးရေးမြောင်းအတွင်း ကိုယ်ဝန် ဆောင် အမျိုးသမီး ၁ဦး ကလေးမီးဖွားပြီး ဒုက္ခရောက်နေကြောင်း တွေ့ရှိသူများမှ ဖုန်းဆက်အကူအညီတောင်းသဖြင့် Nay Pyi Taw Ambulance Group သွားရောက်ကူညီပေးခဲ့ရာ ကလေးမှာ ချက်ကြိုးတန်းလန်းနှင့် သေးဆုံးနေသဖြင့် ကုတင် ၂၀၀ ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပိုဆောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
#MyanmarNationalPost



No comments:
Post a Comment