တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံမုန်တိုင်းဒဏ်သင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ရေးပစ္စည်းများ ပထမအကြိမ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံမုန်တိုင်းဒဏ်သင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ရေးပစ္စည်းများ ပထမအကြိမ်လှူဒါန်း



MNP ၊ ဇွန် ၁၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ မြန်မာနိုင်ငံမုန်တိုင်းဒဏ်သင့်ဒေသများ အ တွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင် လာသည့် Tianjin Air Cargo လေယာဉ်သည်ယနေ့နံနက် ၁၁နာရီ ၅၀ မိနစ်ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့သည်။


ထို့နောက်ရောက်ရှိလာသည့် ထောက်ပံ့ပစ္စည်းများလွှဲပြောင်းခြင်းကို Air Side တွင် ပြုလုပ်ပြီး ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ် ကြီး H.E. Mr.Chen Hai ကပေးအပ်ခဲ့ပြီး စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။


အဆိုပါလွှဲပြောင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး H.E. Mr.Chen Hai နှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


မုန်တိုင်းဘေးသင့်ပြည်သူများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ လှူဒါန်းသည့် ပစ္စည်းများတွင် ပထမအသုတ်အနေဖြင့် ခြင်ထောင်(၁၀,၀၀၀)လုံးနှင့် စောင်(၁၀,၀၀၀)ထည်တို့ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၇၅၀၀ ခန့် ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့်အကူအညီများပံ့ပိုးရာတွင် မုန်တိုင်းဘေး သင့်ပြည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကို လက်ကိုင်ထား၍ သဘာဝဘေး အန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၊ ဝန်ကြီးဌာနအသီးသီးနှင့် ချိတ်ဆက်၍အချိန်နဲ့တပြေးညီ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)