MNP ၊ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ကျန်းမာရေးပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဥ်ယဉ်မြင့်က မြို့နယ်အတွင်းရှိ ကလေးငယ်များ ခြင်ကိုက်မခံကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က သွေးလွန်တုပ်ကွေး ဖြစ်ပွားနိုင်မှု အခြေအနေများ၊ ဖြစ်ပွားပုံအဆင့်ဆင့်၊ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ ခြင်ဆေးဖျန်းခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင် (၂) ဦးတင်မောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းနှင့် ဆရာ/ဆရာမများ၊ Grade 7, Grade 8, Grade 9 မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment