ထားဝယ်မြို့၌အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၃)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့၌အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၃)ဖွင့်လှစ်



MNP ၊    ဇွန်   ၁၀

တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူလူ ထုများ၏ အလုပ်အကိုင်အခွင့် အလမ်းများရရှိနိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးတက်မှု များရရှိလာစေရန်နှင့်တပိုင် တနိုင်လုပ်ငန်းများထူထောင်လာနိုင် စေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူ ပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ကို ထားဝယ်မြို့၊ ဆန်းချီဝန်ထမ်း အိမ်ရာဓမ္မာရုံ၌ ဇွန် ၉ ရက်နေ့မှ ဇွန် ၁၃  ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချမည်ဖြစ် ကြောင်းသိရသည်။


သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်လုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာရည်လုပ်နည်း၊ လက်ဆေးဆပ်ပြာ ရည်လုပ်နည်း၊ ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ Hand gel ပြုလုပ်နည်း၊ မျက်နှာသစ်ဆပ်ပြာခဲပြုလုပ်နည်း၊ အလှဖယောင်း အကြည်ပြုလုပ်နည်း၊ မှန်ကြည်ဆေးပြုလုပ်နည်း၊ ဆပ်ပြာခရင်မ်ပြုလုပ်နည်း ၊ ဆပ်ပြာမှုန့်ပြုလုပ်နည်း၊ အဝတ်လျှော်ဆပ်ပြာဆီပြုလုပ်နည်း၊ ရေချိုးဆပ်ပြာရည်ပြုလုပ်နည်း တို့အပါအဝင် နေ့စဉ်အသုံးပြုနေသည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နည်းတို့အပြင်လူသုံး ကုန်လုပ်ငန်းသုံး ဓါတုပစ္စည်းများအကြောင်း သိရှိနိုင်ရန်အတွက်သင်တန်းသား(၂၀)ဦးအား တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးမှဝန်ထမ်းများက သင်ကြား ပို့ချပေး မည်ဖြစ်သည်။


ဒေသခံပြည်သူများ အိမ်တွင်းမှုလုပ်ငန်းများ ထူထောင်လာနိုင်စေရန်နှင့်အသက် မွေးဝမ်းကျောင်း ပညာအခွင့်အလမ်းတိုးတက် ရရှိလာစေရန်၊ အသက်မွေးဝမ်းကျောင်းပညာ အထောက်အကူပြုပညာ ပေးသင်တန်းများအား တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၊ မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်ရုံးများတွင်လည်း သင်တန်းများအား ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။


ငွေဇင်ယော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)