MNP - ဇွန် ၅
ဆော်ဒီလိဂ်ကလပ် အယ်လ် အီတီဟတ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဂန္ဓဝင်တိုက်စစ်မှူးကြီး ကာရင်း ဘန်ဇီမာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီး ဖြစ်ကြောင်း သိရသည်.။
အဆိုပါ အသက် ၃၅နှစ်အရွယ် ပြင်သစ်သားနဲ့ အယ်လ်အီတီဟတ်အသင်းတို့ဟာ ၂၀၂၅ခုနှစ် ဇွန်လအထိ ၂နှစ်+၁နှစ် သက်တမ်းတိုးခွင့် ပါသော စာချုပ်တစ်ရပ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီး ဒေါ်လာ ၁၀၇.၀၅ သန်းကျော် တန်ကြေးရှိမည်ဟု မီဒီယာများက ခန့်မှန်းထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းကတော့ ၁၄ကြိမ်မြောက် ချန်ပီယံလိဂ်အောင်ပွဲမှာ ဘောလွန်းဒီအောဆုရတဲ့အထိ ခြေစွမ်းပြပြီး အကောင်းဆုံးကူညီပေးခဲ့တဲ့ ဘန်ဇီမာရဲ့ ထွက်ခွာမှုကို "ရီးရဲလ်မက်ဒရစ်နဲ့ အသင်းပရိသတ်တွေက အသင်းခေါင်းဆောင် ကာရင်း ဘန်ဇီမာရဲ့ ကျွန်တော်တို့အသင်းရဲ့ ကစားသမားတစ်ယောက်အနေနဲ့ တောက်ပခဲ့ပြီး မမေ့နိုင်တဲ့အချိန်တွေကို ကုန်ဆုံးဖို့ သဘောတူညီခဲ့ပါတယ် ရီးယဲလ်မက်ဒရစ်မှာ ကာရင်း ဘန်ဇီမာရဲ့ ကစားသမားဘဝဟာ အကျင့်စာရိတ္တနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုရဲ့ တောက်ပြောင်တဲ့စံနမူနာတစ်ခုဖြစ်ပြီး၊ သူဟာ ကျွန်တော်တို့အသင်းရဲ့တန်ဖိုးတွေကို ကိုယ်စားပြုခဲ့ပါတယ်"လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment