ကျွန်းစုမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ ကျင်းပ

 






MNP ၊    ဇွန်   ၂၁

တနင်္သာရီတိုင်းဒေကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်  ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ရှောင်ရမည့် အချက်များ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ ကျောင်းသား/သူများအနေဖြင့် “ရှောင်လေဝေးဝေး မူးယစ်ဆေး” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လိုက်နာနေထိုင်ကြရန်နှင့် စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အန္တရာယ် ဖြစ်စေနိုင်သော မူးယစ်ဆေးဝါး အမျိုးအစားများ၊ စိတ်ကြွရှုးသွပ် ဆေးပြားများ သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ ဆေးခြောက်ပင်နှင့် သုံးစွဲခြင်း၏ ဆိုးကျိုးများ စသည့်အချက်များပါဝင်သော နံရံကပ် ဗွီနိုင်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။


ထက်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)