တမူးမြို့၊ စော်ဘွား(၆)ရပ်ကွက်အတွင်းရှိ ဖုန်းဆိုင်အား ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ပစ်ခတ်သဖြင့် ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့၊ စော်ဘွား(၆)ရပ်ကွက်အတွင်းရှိ ဖုန်းဆိုင်အား ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ပစ်ခတ်သဖြင့် ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရာရ


MNP ၊ ဇွန် ၂၁ 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို၊ စော်ဘွား(၆)ရပ်ကွက်အတွင်းရှိ ဖုန်းပြုပြင်ရေးဆိုင်အား  ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက လက်လုပ်သေနတ်များ ကိုင်ဆောင်၍ ၎င်းဆိုင်ရှိ အပြစ်မဲ့ပြည်သူ ၁ ဦးအား ပစ်ခတ်တိုက်ခိုက်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး တာဝန်ရှိသူများက တမူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)