အမ်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Com munity Centre) ခန်းမတွင် ဝန်ထမ်းများ စာဖတ်ဝိုင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Com munity Centre) ခန်းမတွင် ဝန်ထမ်းများ စာဖတ်ဝိုင်း ဆောင်ရွက်





MNP ၊    ဇွန်   ၂၁

   ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Commu nity Centre) ခန်းမတွင်မြို့နယ်ရုံးဝန် ထမ်းများ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကထုတ်ဝေသည့် "ဝန်ထမ်း ကျင့်ဝတ် " စာအုပ်ဖြင့် ဝန်ထမ်းများ ရုံးတွင်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်အချိန်က ဆောင်ရွက်ခဲ့သည်။


  ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်း က မိမိအားပေးအပ်ထားသောလုပ် ငန်းတာဝန်များကိုနိုင်နင်းစွာထမ်းဆောင်နိုင်မည့် အရည်အသွေး ပြည့်ဝသည့် ဝန် ထမ်းကောင်းများ ဖြစ်လာစေရန်၊ လုပ် ငန်းကျွမ်းကျင်မှုရှိပြီး၊ယုံကြည် စိတ်ချရခြင်း၊မိမိဌာနလုပ်ငန်းများကို ကြိုးစားမှုရှိပြီး ဆက်ဆံရေးပြေပြစ်သောဆက်ဆံရေးမှူးကောင်းများဖြစ် လာစေရန်ရည် ရွယ် ၍ ရုံးတွင်းစာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့ကြောင်းဆွေးနွေးပြောကြားခဲ့သည်။


   ထို့နောက် ဦးစီးအရာရှိ ဦးစန်းဝင်ကပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ထုတ်ဝေသည့် "ဝန်ထမ်းကျင့်ဝတ်"စာအုပ်ပါဝန်ထမ်းများ လိုက်နာရမည့်တာဝန်များဆွေးနွေးပြောကြားပြီးဒုတိယဦးစီးမှူး

ဒေါ်ခင်မျိုးတင်နှင့်ဝန်ထမ်းများက ဝန် ထမ်း၏ ဝန်ထမ်းမူဆိုင်ရာခံစားခွင့်များအကြောင်အရာများကိုလည်းကောင်း အသီးသီးဖတ်ကြားပြီး အချင်းချင်းပြန် လည်ဆွေးနွေးခဲ့ကြကာ လိုအပ်ချက်များအား ဦးစီးအရာရှိ ကပေါင်းစပ်ဆွေး

နွေးပေးခဲ့သည်။ 


အဆိုပါ "ဝန်ထမ်းကျင့်ဝတ်"စာအုပ်တွင် ဆွေးနွေးရန်ကျန်ရှိသည့်အခန်းများကို အပတ်စဉ် ဆက်လက်ဆွေးနွေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)