MNP ၊ ဇွန် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ပြခြင်းအစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်းက ဗိုလ်ရွေး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့သည်။
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးငယ်များအား နားထောင်မှုစွမ်းရည်မြှင့်မားစေရန်၊ စာပေဖတ်ရှုမှုရင်းနီးကျွမ်းဝင်စေရန်၊ ကျောင်းစာများအပြင် ပြင်ပအသိပညာဗဟုသုတများကြွယ်ဝစေရန်နှင့် ယဉ်ကျေးလိမ္မာမှုတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ပြခြင်းအစီအစဉ်ကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည့်သူ့စာကြည့်တိုက်အနေဖြင့် Online မှတစ်ဆင့် ပုံပြင်ပြောခြင်း၊ စကားပုံစက်ခြင်း အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment