MNP ၊ ဇွန် ၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါများ စတင်ဖြစ်ပွားနေ၍ ရောဂါဖြစ်ပွားမှု လျှော့နည်းစေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာမြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ မင်းသန့်ဇင်က အမှာစကားပြော ကြားရာတွင် ယခုအချိန်တွင် မြို့နယ်အတွင်းသွေးလွန်တုပ်ကွေးရောဂါများ စတင်ဖြစ်ပွားလျက် ရှိရာ ရောဂါဖြစ်ပွားမှု ကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်သော မြို့ပေါ်ရပ်ကွက်အတွင်း စနေနေ့တိုင်း အပတ်စဥ် ရေစည်၊ ရေအိုး၊ ရေကန်အတွင်း အဘိတ် ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များမှ ပူးပေါင်း ဆောင်ရွက်ကြစေရေး၊ အပတ်စဥ်ဗုဒ္ဓဟူးနေ့တိုင်းတွင် ပြည်သူများမှမိမိအိမ် မိမိပြုလုပ် မည့်အစီအစဥ်များကို အသိပေးပြောကြားပြီး၊ စာသင်ကျောင်းများတွင်လည်း အပတ်စဥ် သောကြာနေ့တိုင်း ဘုရားပန်းအိုး ရေစည်၊ ရေခွက်များကို သွန်၊မှောက်သွားကြစေရေး အသိပေး ပြောကြားကာ၊ ရောဂါဖြစ်ပွားလာပါက ဖြစ်ပွားရာအနီးဝန်ကျင်တွင် အမြန်ဆုံး ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အမှာစကားကြောကြား သည်။
အစည်းအဝေးသို့တက်ရောက်လာကြသူများမှ မိမိတို့ပူးပေါင်းဆောင်ရွက်မည့် အစီအစဥ်များကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူမှ ပြန်လည်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အစည်းအဝေးအပြီးတွင် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment