MNP ၊ ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ မင်းလှအုပ်စုရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သဲကုန်းမြို့နယ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ မိုးစပါးတစ်ဧကလျှင် တစ်သိန်းခွဲနှုန်း၊ တောင်သူ ၂၃၂ ဦးအတွက် စပါးစိုက်ဧက ၁၃၅၉ ငွေကျပ် ၂၀၃၈၅၀၀၀၀ ကို ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
သဲကုန်းမြို့နယ်လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၈ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ ယခင် ၂၀၂၂ မိုးရာသီချေးငွေကြေသူပေးဆပ်သူ တောင်သူကြီးများကို ဦးစွာထုတ်ချေးပေးလျက် ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲထံမှ သိရှိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သဲကုန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၆၃ အုပ်စုသို့ ငွေကျပ်သိန်း ၉၂၀၀၀ ကျော်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမန်နေဂျာထံမှ သိရှိရသည်။
ကိုကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment