MNP ၊ ဇွန် ၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယနေ့၊ နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက် သူနာပြုဆရာမကြီးနေအိမ်တွင် အခြေပြု၍ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ဗိုလ်မှူးကြီးရဲထွန်းဝင်း ဦးစီး၍ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ နယ်လှည့်ဆေးကုရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီးဝေတိုးသူနှင့်သူနာပြုများပါဝင်သော ကလေးအထူးကုဆရာဝန်၊ ထွေထွေ ရောဂါကုဆရာဝန်ကြီးတို့က ရွာဟောင်းရပ်ကွက်အတွင်းရှိ မုန်တိုင်းဘေးဒဏ်သင့် နာမကျန်း ဖြစ်နေသူများကို လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment