အမ်းမြို့နယ်၌ အမ္ဗနဒီ(အခမဲ့) ရွေ့လျားစာကြည့်တိုက် (၂)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်၌ အမ္ဗနဒီ(အခမဲ့) ရွေ့လျားစာကြည့်တိုက် (၂)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ






MNP ၊    ဇွန်   ၄

      ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် အမ္ဗနဒီ(အခမဲ့) ရွေ့လျားစာ ကြည့်တိုက်( ၂)နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် တစ်နှစ်တာစာဖတ် စာငှား အများဆုံးဆုချီးမြှင့်ပွဲကို အမှတ် (၅)ရပ်ကွက် ရွှေလက်လက်ဖက်ရည်ဆိုင်၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


    အဆိုပါ( ၂)နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ်ဆုချီးမြှင့်ပွဲတွင် စာရေးဆရာ လေးဝတီ စိုးမောင်ကြည်က အမ်းမြို့နယ်တွင် အမ္ဗနဒီ(အခမဲ့) ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ ရွေ့လျားစာ ကြည့်တိုက် (၉)တိုက်အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ ရွေ့လျားစာကြည့်တိုက်များတွင် တစ်နှစ်တာ စာဖတ်စာငှား အများဆုံးဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ဆွေးနွေးပြောကြားခဲ့သည်။


 ဆက်လက်၍ အမ္ဗနဒီ(အခမဲ့) ရွေ့လျားစာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးသည့် ဦးအောင်ကြည်စိုး၊ ဦးသန်းချို တို့က စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အသိပညာဗဟုသု တနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။


 ဆက်လက်ပြီးအမ်းမြို့နယ်ပြန် ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာ ဖတ်ပရိတ်သတ်များအနေဖြင့် အားလပ် ချိန်များတွင် စာဖတ်ခြင်းဖြင့် မိမိဘဝကို မြှင့်တင်နိုင်စေရန်၊ လူသားတိုင်းကို ကောင်းကျိုးပြုသည့် စာအုပ်စာပေကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟု သုတတိုးပွားလာစေရန်၊ အချိန်ကိုအ ကျိုးရှိရှိ အသုံးချ၍ သုတ၊ ရ သ စသည့်စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြစေလိုကြောင်း၊  အမ္ဗနဒီ(အခမဲ့) ရွေ့ လျားစာကြည့်တိုက်များအား မြို့ပေါ်ရပ်ကွက်များသာမက ကျေး ရွာများထိဖြန့်ကျက်ဖွင့်လှစ်အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှ လူငယ်များစာအုပ်စာပေ ၏အကျိုးစာပေ၏အနှစ်သာရများသိရှိမည်ဖြစ်ပါ ကြောင်းဆွေး နွေးပြောကြားခဲ့သည်။


    ထို့နောက် စာပေဝါသနာရှင်တစ်ဦးက စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် အသိပညာ ဗဟုသုတများအ ကြောင်းအားအကျယ်တဝင့်ဆွေးနွေး ပြောကြားပြီး  ဦးစီးအရာရှိ ဦးစန်းဝင်း၊ စာရေးဆရာ လေးဝတီ စိုးမောင်ကြည်၊အမ္ဗနဒီ ရွေ့လျားစာကြည့် တိုက် ဖြစ် မြောက်ရေးကော်မတီဝင်များက တစ်နှစ်တာ စာဖတ်စာငှား အများဆုံးဆုရရှိကြသည့် စာဖတ်သူများအား ဆုများအသီး သီးချီးမြှင့်‌ပေးပြီး ရွေ့လျားစာကြည့် တိုက်(၉)တိုက်မှစာကြည့်တိုက် မှူးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။


 ချီးမြှင့်ပွဲသို့ အမ္ဗနဒီ(အခမဲ့) ရွေ့ လျားစာကြည့်တိုက် ဖြစ်မြောက်ရေးကော်မတီဝင်များ၊ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊စာပေဝါသနာရှင်များ၊ စာဖတ် ပ ရိတ်သတ်များ စာကြည့်တိုက်မှူးများတက်ရောက်ကြပြီး အမ္ဗနဒီ(အခမဲ့)ရွေ့ လျားစာကြည့်တိုက်အတွက် စာအုပ်စာ စောင်များ၊ အလှူငွေများ လှူဒါန်း‌ပေးခဲ့ကြကြောင်းသိရှိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)