တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အသားကင် စားသောက်ဆိုင်တွင် မီးဖိုချောင်သုံး ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၃၁ ဦး သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အသားကင် စားသောက်ဆိုင်တွင် မီးဖိုချောင်သုံး ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၃၁ ဦး သေဆုံး




MNP ၊ ဇွန် ၂၂

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ အသားကင်စားသောက်ဆိုင်တွင် မီးဖိုချောင်သုံးဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၃၁ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။


ပေါက်ကွဲမှုကြောင့် လူအများအပြား သတိလစ်သွားခဲ့ပြီး ဆိုင်အတွင်းမှ သယ်ထုတ်ခဲ့ရကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကို ကိုးကား၍ အွန်လိုင်းသတင်းဝက်ဘ်ဆိုက် The Paper က ဖော်ပြခဲ့သည်။ သေဆုံးသူများတွင် သက်ကြီးရွယ်အိုများနှင့် အထက်တန်းကျောင်းသူကျောင်းသားများ ပါဝင်ကြောင်း ၎င်းကဆိုသည်။


ပေါက်ကွဲမှုမဖြစ်ပွားမီ တစ်နာရီအလိုတွင် ဝန်ထမ်းများသည် ဟင်းချက်ဓာတ်ငွေ့နံ့ကို သတိပြုမိပြီး ဓာတ်ငွေ့တိုင်ကီအဆို့ရှင် ကျိုးသွားသည်ကို တွေ့ရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ ဝန်ထမ်းတစ်ဦးက အဆို့ရှင် အစားထိုးနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)