ဘားအံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၈၁၀ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၆၈ ဒသမ ၉၄ ရာခိုင်နှုန်း အောင်မြင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၈၁၀ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၆၈ ဒသမ ၉၄ ရာခိုင်နှုန်း အောင်မြင်



MNP ၊    ဇွန်   ၉

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အနေဖြင့် အောင်မြင်သူ ၈၁၀ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၆၈ ဒသမ ၉၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


ဘားအံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ၃၈၁ ဦး၊ ကျောင်းသူ ၇၉၄ ဦး ၊ စုစုပေါင်း ဖြေဆိုသူ ၁၁၇၅ ဦးရှိခဲ့ရာ အောင်မြင်သူ ကျောင်းသား ၂၄၃ ဦး၊ ကျောင်းသူ ၅၆၇ ဦး၊ စုစုပေါင်း အောင်မြင်သူ ၈၁၀ ဦး ရှိကြောင်း သိရှိသည်။


ဘားအံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ (၁၁၇၅)ဦးအနက် (၈၁၀)ဦးအောင်မြင်ခဲ့သဖြင့် အောင်ချက် ၆၈ ဒသမ ၉၄ ရာခိုင်နှုန်းရှိပြီး ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအနေဖြင့် (၆) ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင်(၄)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၂၅)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၈၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၂၀၄)ဦး စုစုပေါင်း(၃၂၅) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)