MNP ၊ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။
တွံတေးမြို့နယ်၌ တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆိုသူ (၄၁၈) ဦးတွင် အောင်မြင်သူ (၂၄၈) ဦးရှိပြီး၊ (၅) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၄) ဘာသာ (၈) ဦး၊ (၃) ဘာသာ(၉)ဦး၊ (၂) ဘာသာ (၁၁) ဦး၊ (၁) ဘာသာ (၆၉) ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၄၈)ဦးရှိကာ အောင်ချက်ရာခိုင်နှုန်းအားဖြင့် (၅၉.၃၃%) ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်စာစစ်ဌာနတွင် မြန်မာစာဂုဏ်ထူးရသူ (၁၂) ဦး၊ အင်္ဂလိပ်စာ (၁) ဦး၊ သင်္ချာ (၆) ဦး၊ ဓာတု (၁၈) ဦး၊ ရူပ (၃၂) ဦး၊ ဇီဝ (၂၁) ဦး၊ ပထဝီ (၂) ဦး၊ သမိုင်း (၂) ဦး၊ ဘောဂ (၇၁) ဦး ဂုဏ်ထူးရသူပေါင်း (၁၆၅) ဦးရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment