MNP ၊ ဇွန် ၆
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ သည် တာ၀န်ရှိသူများ နှင့် အတူ မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအတွင်း ယာယီတဲများ တည်ဆောက် နေမှုများနှင့် ယာယီတဲအတွင်း ပြည်သူများနေထိုင်နေမှုအား ယနေ့ နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှု ခဲ့ကြသည်။
မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး နေအိမ်များ ပြိုလဲ ပျက်စီးခဲ့သော ကျောက်ပန္ဒူ ကျေးရွာ ၊ အင်းဒင်ကျေးရွာ ၊ပဲရုံကျေးရွာ၊ အောင်သုခကျေးရွာ နှင့် မြိုယုကျေးရွာများ တွင် ထောက်ပံ့ပေးအပ်ထားသော ယာယီတဲ များအား သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့၀င်များ ၊နယ်ခြားစောင့်ရဲတပ်ဖွဲ့၀င်များက ကူညီ ဆောက်လုပ်ပေးလျက်ရှိသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးနေဦး နှင့် တာ၀န်ရှိသူများသည် အဆိုပါ ကျေးရွာသို့ သွားရောက် ကြည့်ရှု ပြီး ဆက်လက် တည်ဆောက်လျက်ရှိသော ယာယီတဲများ ဆောက်လုပ်နေမှု နှင့် ဆောက်လုပ်ပြီးစီးမှု အခြေအ နေများ အား လှည့်လည် ကြည့်ရှုရာ ယာယီတဲများ အတွင်း နေထိုင်လျက်ရှိကြသော ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အားပေး စကားပြောကြားကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ယင်းနောက် အင်းဒင် ကျေးရွာ အုပ်စု အောင်သုခကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော် ကြည်ညိုပြီး ယာယီ သီတင်းသုံးနိုင်ရန်အတွက် လေဘေးကြောင့်ပြိုလဲပျက်စီးခဲ့သော ကျောင်းတော်ကြီးအား ပြုပြင်နိုင် ရေး လိုအပ်သည်များအား ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment