ရသေ့တောင်မြို့တွင် ဌာဆိုင်ရာများနှင့်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် ဌာဆိုင်ရာများနှင့်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်





MNP ၊    ဇွန်   ၇

 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှု Command Post ရုံးခန်းမတွင် ပြုလုပ်ရာ ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့​သည်။


အစည်းအဝေးတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးနိုင်လင်းထက် က ရသေ့တောင်မြို့နယ်ရှိမုန်တိုင်းဒဏ်သင့်ဒေသများသို့နိုင်ငံတော်မှ ထောက်ပံ့ပစ္စည်းများ ခွဲဝေထောက်ပံ့ရာတွင် ရသေ့တောင်မြို့နယ်အတွက် ရောက်ရှိလာသော ငွေနှင့်ပစ္စည်းများအား ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ခွဲဝေ ထောက်ပံ့နေခြင်း၊ ရောက်ရှိပစ္စည်းအားလုံး လေဘေးသင့်ပြည်သူများထံသို့အချိုးကျ ခွဲဝေရရှိစေရေးကော်မတီများဖွဲ့စည်း၍တာဝန်ပေးစီမံဆောင်ရွက်လျက်ရှိကြောင်း၊မြို့သန့်ရှင်းသာယာလှပစေရေးအမှိုက်သရိုက်များအားစနစ်တကျစွန့်ပစ်ရန်လိုအပ်နေမှုအခြေအနေများ၊မြို့ပေါ်ရပ်ကွက်များအတွင်းပိတ်ဆို့နေသည့်ရေမြောင်းများအတွင်းရေစီး၊ရေလာကောင်းမွန်စေရေးနှင့် မုန်တိုင်ဒါဏ်ကြောင့်ဆားငံဝင်ရောက်ခဲ့သည့်ရေကန်များအားရေစုပ်ထုတ်ကြရန်တို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့မှညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။


ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ ဌာနလုပ်ငန်းအခြေအနေများသက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးနိုင်လင်းထက်က   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPostb




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)