MNP ၊ ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၌ အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ တောင်ငူခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်နီနီရွှေက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သင်တန်းသူများက နွေးထွေးမေတ္တာ၊ တောင်ယာဝင်ချိန်၊ Chicken၊ စည်းလုံးခြင်း၊ လက်ပံပွင့်ကောက်၊ သင်္ကြန်မိုးနှင့် ဦးရွှေရိုးနှင့် ဒေါ်မိုး သီချင်းတို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။
အဆိုပါ သင်တန်းကို ၁၇-၅-၂၀၂၃ ရက်နေ့မှ ၆-၆-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းသူ (၃၀) ဦးကို ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပညာရပ်များ၊ ကလေးစိတ်ပညာ၊ ကျန်းမာရေးနှင့်အာဟာရ၊ ရှေးဦးသူနာပြု စုခြင်းဘာသာရပ်များအား စာတွေ့၊ လက်တွေ့ပို့ချခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment