ဗန်းမော်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ရွေးကောက်တင်မြှောက်ပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗန်းမော်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ရွေးကောက်တင်မြှောက်ပွဲပြုလုပ်











MNP ၊    ဇွန်   ၇

         ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ရွေးကောက်တင်မြှောက်ပွဲကို ဇွန် ၆ ရက် နံနက် ၉ နာရီခွဲက အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိ တိမ်ကြားမင်းခေါင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


             ရှေးဦးစွာ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးဇေယျာကျော်(စစ်ဦးစီးမှူး-ပထမတန်း)နှင့် ရှေ့တန်းအမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်မှူးရဲဝင်းဇော် (စစ်ဦးစီးမှူး -ဒုတိယတန်း)တို့က ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။


           ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဝင် ၊ကချင်ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးသိန်းဇော်(ဗိုလ်မှူးကြီး-ငြိမ်း)က အဖွင့်အမှာစကားပြောကြားခြင်း၊ ဗန်းမော်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ သူရခင်မောင်ညွန့်(ဗိုလ်မှူး-ငြိမ်း)က အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဖိုးချို(ဗိုလ်ကြီး-ငြိမ်း)က လုပ်ငန်းကဏ္ဍကြီး(၅)ရပ်ဆိုင်ရာနှင့် နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းအဆိုတင်သွင်းခြင်း၊ အဖွဲ့ဝင် ဦးအောင်ကျော်ဦး (ဗိုလ်ကြီး-ငြိမ်း)က လုပ်ငန်းကဏ္ဍကြီး(၅)ရပ်ဆိုင်ရာနှင့် နှစ်ပတ်လည်အစီရင်ခံစာအပေါ် ထောက်ခံဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်။


            ဆက်လက်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေကြေးဆိုင်ရာအဆိုတင်သွင်းခြင်းအား ဖတ်ကြားရှင်းလင်းအဆိုတင်သွင်းခြင်း၊ နှစ်ပတ်လည် ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာအဆိုတင်သွင်းခြင်းအားထောက်ခံဆွေးနွေးခြင်း၊ နှစ်ပတ်လည်အစီရင်ခံစာအား တက်ရောက်လာသူများက အတည်ပြုခြင်း၊ မြို့နယ်စစ်မှုထမ်းဟောင်းအမှုဆောင်အဖွဲ့ဝင်သစ် ရွေးချယ်အတည်ပြုခန့်အပ်ခြင်း၊ ညီလာခံကိုယ်စားလှယ်ရွေးချယ်အတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဥ်များချမှတ်ခြင်း၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ နှင့် ကချင်ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က နိဂုံးချုပ်အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။


          အခမ်းအနားတက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းများအား အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်းက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)