ကျိုက်ထိုမြို့နယ် အထက(၁)၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ် အထက(၁)၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်





MNP ၊    ဇွန်   ၁၀

      မွန်ပြည်နယ်၊ကျိုက်ထို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်း၌ ကံ့ကော်ရပ်ကွက်၊ အထက (၁)ကျောင်း အတွင်းရှိ သစ်ပင်၊သစ်ကိုင်းများ ၊ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊  စုပေါင်းသန့်ရှင်း ပြုလုပ်ခဲ့ကြ သည်။


       စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကာ  ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းသန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသားကျောင်းသူများ ကျောင်းတက်ရာတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှ ကာကွယ်နိုင်စေရေးအတွက် ကျောင်းဝန်းအတွင်းရှိသစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်များအားခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များအား စနစ်တကျစွန့်ပစ်ခြင်း၊  ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။


      ကျိုက်ထိုမြို့နယ်အတွင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို စေတီပုထိုးများ၊ မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊ စာသင်ကျောင်း၊ ဆေးရုံ စသည့် အများပြည်သူအသုံးပြုရာ နေရာများကို ဦးစားပေးကာ လိုက်လံဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)