ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန တွင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအကြောင်းအသိပညာပေးနံရံကပ်စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန တွင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအကြောင်းအသိပညာပေးနံရံကပ်စာစောင်ပြသ




MNP ၊    ဇွန်   ၁၂

မွန်ပြည်နယ်၊ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာနတွင်  ယနေ့နံနက်ပိုင်းက  ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း၊ကာကွယ်ရေး  အသိပညာပေး နံရံကပ်စာစောင်ပြသ၍ ကြိုတင်ကာကွယ် နိုင်ရန်  ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။


အဆိုပါ ပြသဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းပုံစံများ၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ကာကွယ်ရမည့်နည်းလမ်းများ၊ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့်သက်ဆိုင်သည့် ဥပဒေများ၊ ပြစ်ဒဏ်များ၊ ခံစားရမည့်ဆိုးကျိုးများ၊ ယာဉ်တိုက်မှုဖြစ်ပွားရသည့်အကြောင်းအရာများ၊ယာဉ်တိုက်မှု  အမျိုးအစားများ၊မော်တော်ယာဥ် မောင်းရာတွင်လိုက်နာရမည့်  အချက်များ၊ဆိုင်ကယ်မောင်းရာတွင်လိုက်နာရမည့်စည်းကမ်းများ၊ခြေလျင်လမ်းလျှောက်ရာတွင် လိုက်နာရမည့်   စည်းကမ်းများကို  ပြည်သူအားလုံးလိုက်နာကြရန်  ဆိုင်ကယ်စီးလျှင်ဦးထုပ်ဆောင်းပါ ၊မေးသိုင်ကြိုးကိုသေချာစွာတပ်ဆင်ပါ စသည့်အပြင် ယာဉ်မတော်တဆမှု အမှား/အမှန် သရုပ်ပြပုံများ ယာဉ်တိုက်ခံရပါကဆက်သွယ်ဆောင်ရွက်နိုင်သောဖုန်းနံပါတ်များစသည့်အချက်များအား ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)