ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြိတ်ခရိုင်အတွင်းရှိပါတီကော်မတီဝင်များ၊ ပါတီဝင်ဟောင်းမျာ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြိတ်ခရိုင်အတွင်းရှိပါတီကော်မတီဝင်များ၊ ပါတီဝင်ဟောင်းမျာ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ







MNP ၊ ဇွန် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် မြိတ်ခရိုင်အတွင်းရှိ ခရိုင်ပါတီဝင်များ မြိတ်၊ ပုလော၊ တနင်္သာရီ၊ ကျွန်းစုမြို့နယ်များမှ ပါတီကော်မတီဝင်များ၊ အသင်းနှင့်ပါတီဝင်ဟောင်းများ ပါတီဝန်းရံသူများအား ဇွန်လ ၁၀ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။


မြိတ်ခရိုင်အတွင်းရှိ ပါတီကော်မတီအဆင့်ဆင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက လတ်တလောနိုင်ငံရေးအခြေအနေများ၊ အနာဂါတ်တွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပါတီဝင်ထု ကျစ်လစ်ခိုင်မာရေး လုပ်ငန်းစဉ်များအတွက် လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ပါတီကော်မတီဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် အကြောင်းအမျိုးမျိုးကြောင့် ပါတီနှင့်ကင်းကွာနေသည့် ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသားဟောင်းများ၊ ပါတီဝင်ဟောင်းများနှင့် ပါတီဝန်းရံသူများအား  နေလည်ပိုင်းတွင် ထပ်မံတွေ့ဆုံခဲ့ပြီး လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေးအခြေအနေများနှင့် ပါတီ၏ ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် တွေ့ဆုံပွဲတွင် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ တနင်္သာရီတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးသန်းအောင်၊ တိုင်းဒေသကြီး ခရိုင် မြို့နယ် အဆင့်ဆင့်မှ ပါတီကော်မတီဝင်များ၊ အသင်းနှင့်ပါတီကင်းကွာနေသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)