MNP ၊ ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့၊ ကြခတ်ရပ်ကွက်၊ ဒေါင်းမြတ်နားလမ်းတွင် နေထိုင်သည့် နေ အိမ်တစ်လုံးတွင် ဖခင်ဖြစ်သူမှ အရက်မူးပြီး ဇနီးနှင့် သားတို့အား ဆဲဆို၍ ပေးစားရာ သားဖြစ်သူမှ စိတ်တိုပြီး ဖခင်အား ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖခင်ကို ဓားဖြင့်ထိုးမှု ကျူးလွန်သူ အသက်(၁၉) နှစ်အရွယ် နောင်နောင်အား ပန်းတောင်းမြို့မရဲစခန်းတွင် (ပ)၈၇/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ခံထားကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment