MNP ၊ ဇွန် ၅
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ ဝန်ထမ်း သားသမီး များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်း ပ ပြု လုပ်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း ၊ သားသမီးများအတွက် တက္ကသိုလ်အဆင့် ကျောင်းသား/ သူ ၈ ဦး အတွက် တစ်ဦးလျှင် ၅၀၀၀၀ ကျပ် ၊ အထက်တန်းအဆင့် ကျောင်းသား/သူ ၆ ဦး အတွက် တစ်ဦး လျှင် ၃၀၀၀၀ ကျပ် အလယ်တန်းအဆင့် ကျောင်းသား/သူ ၇ ဦးအတွက် တစ်ဦးလှျင် ၂၅၀၀၀ ကျပ် ၊ မူလတန်း အဆင့် ကျောင်း သား/သူ ၁၂ ဦး အတွက် တစ်ဦးလျှင် ၂၀၀၀၀ ကျပ် ၊ Kg အတန်းအတွက် တစ်ဦးလျှင် ၂၀၀၀၀နှုန်း၊ ကျောင်းသုံးဗလာစာအုပ် နှင့် ကျောင်းဝတ်စုံများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင် ၊ လက်ထောက် ညွန်ကြား ရေးမှူး ဦးကျော်ဇောအေး နှင့် တာဝန်ရှိသူများက ဝန်ထမ်း သား၊သမီးများအား အသီးသီး ထောက်ပံ့ ပေးအပ် ခဲ့ကြရာ စုစုပေါင်း ကျောင်းသား/သူ (၃၇)ဦးအတွက် ထောက်ပံ့ ငွေမှာ တစ်ဆယ်နှစ်သိန်းကိုးသောင်း ငါးထောင်ငါးရာ ဖြစ်ပြီး ဝန်ထမ်းမိဘ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment