MNP ၊ ဇွန် ၅
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီက သံတွဲမြို့အတွင်း မိုးရာသီ၌ ရေနှုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေး အတွက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အံတော်ကျေးရွာအုပ်စုနှင့် အမှတ်(၈)ရပ်ကွက်ရှိ သံတွဲ-တောင်ကုတ် လမ်းမကြီး ဘေးရှိ ရေဝပ်သောနေရာများတွင် ရေနုတ်မြောင်းများဖေါက်လုပ်နေမှုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး အိမ်ပိုင်ရှင်များအား ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနှုတ် မြောင်းများအား စနစ်တကျဆောင်ရွက်ကြရန်ဆွေးနွေး မှာကြားခဲ့ကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment