MNP ၊ ဇွန် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ နေအိမ်ခြံဝင်းအတွင်း၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားပြီး မိုးဦးကျကာလ၌ လှိုင်လှိုင်ထွက်ရှိသော သံပုရာသီးများ ရောင်းချ၍ မိသားစု အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
သံပုရာပင် စတင်စိုက်ပျိုးချိန်တွင် စိုက်ပျိုးသည့်မြေသည် ရေစီးရေလာကောင်းမွန်သည့် မြေဖြစ်သင့် ပြီး နေရောင်ခြည်ကောင်းမွန်သည့် နေရာတွင်စိုက်ပျိုးလျှင် ပန်းများများပွင့်၍ အသီးများစွာ သီးမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် မိုးရာသီနှင့် နွေဦးပိုင်းတွင် အသီးများများသီးကြောင်း၊ ပြုံပြွတ်ပြီးသီးနေသည့် အသီးများထဲမှ တစ်ချို့အသီးများကို ခြွေပေးခြင်းမှ အရွယ်အစားကြီးမားသည့် အသီးများ ရရှိမည်ဖြစ်ကြောင်း၊ သံပုရာပင် စိုက်ပျိုးပြီးချိန်တွင် ရေများကိုလည်း လုံလုံလောက်လောက် ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိုးဦးကာလ သံပုရာသီးပေါ်ချိန်တွင် သံပုရာသီး စိုက်ပျိုးသည့် ဒေသနေပြည်သူများ ဝင်ငွေများစွာရရှိလျက်ရှိရာ အသီးအရွယ်အစားပေါ် မူတည်၍ တစ်လုံးလျှင် ငွေကျပ်(၅၀)မှ (၁၀၀)နှုန်းဖြင့် ရောင်းဝယ်လျက်ရှိရာ မိသားစုအပိုဝင်ငွေ ရရှိကာ အဆင်ပြေကြောင်း၊ သံပုရာပင်စိုက်ပျိုးထားသည့် ဒေသနေ ပြည်သူတစ်ဦး ထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဒေသနေ ပြည်သူအများစု သည့် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် တွဲဖက်ကာ တစ်ပိုင်တစ်နိုင် ဝဥု စိုက်ပျိုးတူးဖော် ရောင်းချသည့်လုပ်ငန်း၊ ဥယျာဉ်ခြံမြေထဲတွင် ရာသီပေါ်သီးနှံ စိုက်ပျိုးရောင်းချသည့် လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်ကြောင်း သိရသည်။
ဇင်လေး
https://t.me/MyanmarNationalPost
No comments:
Post a Comment