MNP ၊ ဇွန် ၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ၇-၆-၂၀၂၃ ရက်၊ ၀၉၃၀ နာရီ၌ တရုတ်နိုင်ငံ၊ အကောက်အခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Custom of the People’s Republic of China) ရုံးချုပ်တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Zhou Wenyi နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံမှ ထောပတ်သီး၊ ဖရဲသီး၊ သရက်သီး၊ ကျွဲကောသီး စသည့် ရာသီပေါ်သီးနှံများ အပါအဝင် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို တိုးမြှင့်တင်ပို့သွားနိုင်ရေး၊ မြန်မာနိုင်ငံမှ မက္ကဒေးမီးယား၊ နာနတ်သီး၊ ပဲပုတ်၊ ကန်စွန်းဥ၊ ကွမ်းသီးနှင့် တိရစ္ဆာန်အစားအစာ စသည့် ထွက်ကုန်ပစ္စည်းသစ်များ တင်ပို့သွားနိုင်ရေး၊ မြန်မာနိုင်ငံမှ သဘာဝ ရေထွက်ကုန်ပစ္စည်းများ၊ မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများ၊ အေးခဲသားငါးများကို တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့သွားရေး၊ နှစ်နိုင်ငံအကြား ထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေးအတွက် protocol လက်မှတ်ရေးထိုးနိုင်မှုအခြေအနေများ၊ ကွက်ခိုင်ခွာနာ လျှာနာရောဂါကင်းရှင်းရေးဇုန် စစ်ဆေးရေးကိစ္စ၊ မြန်မာ-တရုတ် နယ်စပ်ဂိတ်များတွင် ပုပ်သိုးလွယ်သည့် ရာသီပေါ်သီးနှံများအား မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ အကောက်ခွန်ဆိုင်ရာ စစ်ဆေးမှုများကို လျင်မြန်စွာ ဆောင်ရွက်ပေးရေးကိစ္စတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment