MNP ၊ ဇွန် ၉
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ မင်းပြင်ဝန်ထမ်းအိမ်ရာတွင် နေထိုင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက် ပေးနေမှုများအား ကြည့်ရှုအားပေး၍ ဆေးကုသမှုခံယူနေသူများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ပြီး မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးများ ပြင်ဆင်ပြီးစီးမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် အစိုးရရပ်ကွက်ရှိ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်ပြီး မင်းပြင်ဝန်ထမ်းအိမ်ရာရှိ မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များကို သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့၊ အမှတ်(၆) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် မြို့နယ်အကောက်အခွန်ဦးစီး ဌာနမှူးရုံးနှင့် မြန်မာ့စာတိုက်လုပ်ငန်း၊ ကျောက်ဖြူစာတိုက်သို့ သွားရောက်ကာ မုန်တိုင်းဒဏ်ကြောင့် ဌာနဆိုင်ရာရုံး၊ အဆောက်အဦများ ပျက်စီးပြင်ဆင်ပြီးစီးမှုများအား စစ်ဆေးခဲ့ပြီး ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့ တစ်မြို့လုံး၏ မြို့ရေထွက်ပေါက်ဖြစ်သည့် သန်ပန်ချောင်းရပ်ကွက်ရှိ မြို့ရေနုတ်မြောင်းများမှ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေထွက်ပေါက်ပြန်လည်ပြုပြင်မည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost






No comments:
Post a Comment