MNP ၊ ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ပေါက်တောကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့နှင့် NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများ ထိတွေ့မှု ဖြစ်ပေါ်ခဲ့ပြီး PDF အကြမ်းဖက်သမား ၁ဦးကို အသေဖမ်းဆီးရမိခဲ့သည်။
ရေစကြိုမြို့နယ်၊ ပေါက်တောကျေးရွာတွင် NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ ၎င်းကျေးရွာလယ်ရှိ နေအိမ်အတွင်းမှ PDF အကြမ်းဖက်သမားက စတင်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၁ဦးကို အသေဖမ်းဆီးရမိပြီး လက်လုပ်သေနတ် ၃ လက်၊ ကျည်မျိုးစုံ ၃၁ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်လုပ်လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ ကျောပိုးအိတ် ၁၀ လုံး၊ ဓား ၂ ချောင်း၊ ဘတ္ထရီအိုး ၁ လုံး၊ မှန်ပြောင်း ၁ ခု၊ ဆားကစ်ပြား ၃ ခု၊ NLD အလံ၂ ထည်၊ အိုင်ကွန် ၂ လုံး၊ အိုင်ကွန် အားသွင်းခုံ ၃ ခု၊ ဝါယာကြိုး ၁ ခွေ၊ ပြောက်ကျားအင်္ကျီ ၅ ထည်၊ ပြောက်ကျားဘောင်းဘီ ၂ ထည်၊ ပြောက်ကျားမိုးကာ ၂ ထည်၊ ပြောက်ကျား ဦးထုပ် ၁ လုံး၊ ပြောက်ကျားဘေးလွယ်အိတ် ၁ လုံး၊ စစ်သုံးရေဗူး ၁ ဗူး၊ သံတူရွင်း ၂ ချောင်း တို့အား သိမ်းဆည်းရရှိခဲ့ပြီး ဖြစ်စဉ်အတွင်း လုံခြုံရေးအဖွဲ့ဝင်များ ထိခိုက်မှု မရှိကြောင်း သိရသည်။
Myanmar National Post

No comments:
Post a Comment