တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ




MNP ၊    ဇွန်   ၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ် ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ယနေ့နံနက်(၆)နာရီအချိန်မှစတင်ကာ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက် တည်း ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျောင်းသား/သူ (၆၂)ရာခိုင်နှုန်း ဖြေဆိုအောင်မြင် ခဲ့ကြကြောင်း သိရသည်။


ထိုကဲ့သို့ တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာရာ၌ လာရောက်ကြည့်ရှုသူများအနေဖြင့် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်စေရေးအတွက်လည်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းအသီးသီးမှ ကျောင်းသား(၃၂)ဦး၊ ကျောင်းသူ(၄၃)ဦး စုစုပေါင်း ကျောင်းသား/သူ (၇၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းသား(၁၈)ဦး၊ ကျောင်းသူ(၃၅)ဦး စုစုပေါင်း ကျောင်းသား/သူ (၅၃)ဦး ဖြေဆို အောင်မြင်ခဲ့ပြီး ပြင်ပမှ ဖြေဆိုသူ ကျောင်းသား(၂၅၀)ဦး၊ ကျောင်းသူ(၃၁၁)ဦး စုစုပေါင်း ကျောင်းသား/သူ (၅၆၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းသား(၁၃၉)ဦး၊ ကျောင်းသူ(၂၀၀)ဦး စုစုပေါင်း ကျောင်းသား/သူ (၃၃၉)ဦး ဖြေဆို အောင်မြင်ခဲ့ရာ စုစုပေါင်း မြို့နယ်အတွင်း ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ကျောင်းသား (၁၅၇)ဦး၊ ကျောင်းသူ(၂၃၅)ဦး စုစုပေါင်း ကျောင်းသား/သူ (၃၉၂)ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းနှင့် အောင်ချက် ရာခိုင်နှုန်းအနေဖြင့် (၆၂)ရာခိုင်နှုန်းရှိရာ ခြောက်ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်(၁၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၂၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၂၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၇၈)ဦး စုစုပေါင်းဂုဏ်ထူးရှင် (၁၅၆)ဦး ပေါ်ထွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။


 နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)