ရှမ်းရွာသစ်မြို့တွင် ဈေးကွက်ခိုင်မာပြီး ရေတိုရေရှည်ဝင်ငွေတိုးစေသည့် ဝဉပင်များတိုးချဲ့ စိုက်ပျိုးလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် ဈေးကွက်ခိုင်မာပြီး ရေတိုရေရှည်ဝင်ငွေတိုးစေသည့် ဝဉပင်များတိုးချဲ့ စိုက်ပျိုးလာ



MNP ၊    ဇွန်   ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားစိုက်ပျိုးလုပ်ကိုင်သည့်မြို့ဖြစ်ပြီး နှစ်စဉ်၎င်းလုပ်ငန်းများနှင့်တွဲဖက်ကာ တစ်ပိုင်တစ်နိုင်ဝဉ စိုက်ပျိုးသည့်လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိရာ ဝဉဈေးများမြင့်တက်လာမှုကြောင့် ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်း သိရသည်။


အဆိုပါလုပ်ငန်းတွင် "ကျွန်မတို့ဒေသခံတောင်သူအများစုတွေဟာ လယ်လုပ်ငန်းနဲ့တွဲဖက်ပြီး ဝဉတူးဖော်ရောင်းချသည့်လုပ်ငန်းကို နှစ်စဉ်တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြကြောင်း၊  ယခုလို ဝဉစိုက်ချိန် ရောက်ပြီဆိုရင် အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ တောတောင်များနှင့် မိမိတို့အိမ်ခြံဝင်းတွေမှာ စိုက်ပျိုးထားတဲ့ ဝဉအပင်မှ ကျတဲ့ဝဉအစေ့တွေကို  ခြံဝင်းထဲတွင် စိုက်ပျိုးရန်အတွက်ထားရှိပြီး ဝဉအကြီးတွေကို ဒိုင်တွေမှာ ပြန်ရောင်းချကြကြောင်း၊ ဝဉပင်သည် လူသုံးကုန်နှင့် စားသုံးကုန်အဖြစ် အသုံးပြုသောသီးနှံပင်ဖြစ်ပြီး အခြားသီးနှံပင်များ၏ အရိပ်အောက်တွင်လည်း သဘာဝမြေဩဇာဖြင့် စိုက်ပျိုးကြကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဈေးကွက်ဝယ်လိုအားကောင်းမွန်မှုကြောင့် ဒေသနေပြည်သူများယခင်ကထက်ပိုမိုတိုးချဲ့စိုက်ပျိုးလာကြောင်း၊ ဝဉစိုက်ပျိုးခြင်းသည် အရင်းအနှီးများစွာမလိုအပ်ဘဲ ရေတိုရေရှည်ဝင်ငွေတိုးစေသည့်အတွက် စိုက်ပျိုးသင့်ကြောင်း ဒေသနေပြည်သူ တစ်ဦးထံမှ သိရသည်။


ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဝဉစိုက်ပျိုးသည့်လုပ်ငန်းသည် နှစ်စဉ် ဇွန်လမှစ၍စိုက်ပျိုးကြရာ ဝဉစိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းကာ တူးဖော်ရောင်းချချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်ကြကြောင်း၊ ဝဉကို မေလတွင် စိုက်ပျိုးပါက စိုက်ပျိုးပြီးခုနှစ်လအကြာ တွင် တူးဖော်ရောင်းချနိုင်ပြီး မြေကြီးထဲတွင်လည်း ကြာကြာထားပြီး စိုက်ပျိုးနိုင်ကြောင်း၊ ဝဉအရွယ် အစားကြီးလျှင် ဈေးကွက်ပိုမိုကောင်းမွန်ကြောင်းလည်း သိရသည်။


ဇင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)