MNP ၊ ဇွန် ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ယင်းမာပင်မြို့တွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့်မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉ နာရီအချိန်က ယင်းမာပင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ယင်းမာပင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်းနှင့် ဦးစီး အရာရှိ ဒေါ်အိသက်ခိုင်တို့က မူးယစ်ဆေးဝါး၏ အဓိပ္ပယ်၊ မူးယစ်ဆေးဝါး၏ သမိုင်းကြောင်းနှင့် သုံးစွဲပုံအဆင့်ဆင့် ပြောင်းလဲလာပုံများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ် ဆေးဝါးသုံးစွဲသူဘဝ မရောက်ရှိစေရန် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ နှင့် မူးယစ်ဆေးဝါးပြဿနာသည် လူ့အသိုင်းအဝိုင်းတစ်ခုအတွင်း ထိခိုက်ခြင်း သာမက နိုင်ငံတစ်ခုချင်းစီ၏ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေနိုင်သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်း လက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် လုံးဝအမြစ်ပြတ်သည်အထိ ဝိုင်းဝန်းတိုက်ဖျက်ကြရမည် ဖြစ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment