ဥယျာဉ်ခြံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက် သုတေသနဌာနစုတွင် မြေလွှာမဲ့စိုက်ပျိုးနည်းစနစ်တွင် အသုံးပြုသော အသင့်သုံး အာဟာရရည်များ ထုတ်လုပ်သည့် သုတေသနများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥယျာဉ်ခြံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက် သုတေသနဌာနစုတွင် မြေလွှာမဲ့စိုက်ပျိုးနည်းစနစ်တွင် အသုံးပြုသော အသင့်သုံး အာဟာရရည်များ ထုတ်လုပ်သည့် သုတေသနများဆောင်ရွက်


MNP ၊    ဇွန်   ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာရှိစိုက်ပျိုး ရေးသုတေသနဦးစီးဌာန ဥယျာဉ်ခြံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက် သုတေသနဌာနစုတွင် စားသုံးမှုလုံခြုံစိတ်ချရ၍ အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်များကို တစ်နှစ်ပတ်လုံး မြေလွှာမဲ့စိုက်ပျိုးနည်းဖြင့်စိုက်ပျိုး ထုတ်လုပ်လာနိုင်စေရန်နှင့် မြေလွှာမဲ့စိုက်ပျိုးနည်းစနစ်တွင် အသုံးပြုသော အသင့်သုံးအာဟာရရည်များ ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ သုတေသနများအား ၂၀၂၃-၂၀၂၄ မိုးရာသီတွင် ဆောင်ရွက်လျက်ရှိသည်။


မြေလွှာမဲ့စိုက်ပျိုးနည်းစနစ်သည် သမားရိုးကျစိုက်ပျိုးနည်းစနစ်များဖြင့် နှိုင်းယှဉ်ပါက အရည်အသွေးကောင်းမွန်သော သီးနှံများထုတ်လုပ်ပေးနိုင်ပါသည်။ ဤနည်းစနစ်၏ အားသာချက်များမှာ သီးနှံအရည်အသွေးမြင့်မားခြင်းနှင့် အထွက်နှုန်းကောင်းမွန်ခြင်း၊ ဓာတ်မြေသြဇာများ အသုံးပြုမှုနည်းသောကြောင့် ကုန်ကျစရိတ်နည်း၍ ရေနှင့်ဓာတ်မြေသြဇာများ ပိုမိုထိရောက်စွာ အသုံးပြုနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့ပါးစေခြင်း၊ လေထုညစ်ညမ်းမှုကိုပိုမို ထိန်းချုပ်နိုင်ပြီး ထိရောက်မှုရှိသည်။ မြေမဲ့စိုက်ပျိုးခြင်းတွင် အပင်၏သက်တမ်းနှင့်ရာသီဥတု အခြေအနေတို့ပေါ်မူတည်၍ အာဟာရရည်ပေးသွင်းရာ၌ စီမံဆောင်ရွက်ရာတွင်ပိုမို အဆင်ပြေလွယ်ကူခြင်း၊ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဟင်းသီးဟင်းရွက်များ ရရှိနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများရရှိစေနိုင်သည်။ မြေလွှာမဲ့စိုက်ပျိုးနည်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုသည် မကြာသေးမီနှစ်များအတွင်း ကမ္ဘာတစ်ဝန်းတွင် သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။ ရေနှင့်မြေသြဇာများကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်သည့်အပြင် ရာသီဥတုနှင့် ပိုးမွှားရောဂါကျရောက်မှုကို ထိန်းချုပ်နိုင်သည်။ ထို့ပြင် မြေလွှာမဲ့စိုက်ပျိုးနည်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုသည် သီးနှံအရည်အသွေးနှင့် ကုန်ထုတ်စွမ်းအားကို တိုးတက်မြင့်မားပြီး စီးပွားရေး၀င်ငွေများ မြင့်တက် လာစေနိုင်ကြောင်း သိရသည်။


ထွန်းလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)