ကျိုက်ထိုမြို့နယ်တွင်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင်မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆောင်ရွက်






MNP ၊    ဇွန်   ၁၃

     ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းနေရွယ် ကလေးငယ်များကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိပြီး အတွေးအခေါ်မြင့်မားလာစေရေး အတွက် ဇွန် ၁၃ ရက် နေ့လယ် ၁ နာရီတွင်ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက် အခြေခံ ပညာ မူလတန်းကျောင်း (အောင်ချမ်းသာ)၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွာ်ရေး အသိပညာပေးဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကိုပြုလုပ်ခဲ့သည်။


     ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်း မော်က"မူးယစ်အန္တရာယ်ပူးပေါင်းကာကွယ်"ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောပြီး ပုံပြောပြိုင်ပွဲ၊‌ကဗျာရွတ်ဆို ပြိုင်ပွဲ၊ဉာဏ်စမ်းပ‌ဟေဠိ ပြိုင်ပွဲများကိုပြုလုပ်ပေးခဲ့သည်။


    ယင်းနောက်ကျောင်းသား၊ကျောင်းသူများ ပြင်ပဗဟုသုတရရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ကာကွယ်တားဆီးရေး၊လူကုန်ကူးမှု ဖြစ်ပေါ်စေတဲ့ အခြေခံ အကြောင်းရင်းများ၊ လူကုန်ကူးမှုကို ဖြစ်စေတတ်သော အင်္ဂါရပ်များနှင့် လူကုန်ကူးသူများအား အရေးယူ နိုင်သည့် ပြစ်ဒဏ်များအကြောင်း၊ယာဉ်စည်းကမ်းလမ်း စည်းကမ်းနှင့်ပတ်သက်သည့်လိုက်နာ ရမည့်စည်းမျှဉ်းများ၊သဘာဝ‌ ဘေးအန္တရာယ် ကျရောက်လာပါက ကာကွယ်ရမည့်နည်းလမ်းများ အစရှိသည့် စိတ်ဝင်စားဖွယ်နံရံကပ်စာ‌ စောင်များကိုပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများက စိတ်၀င်တစား ကြည့်ရှုလေ့လာ မှတ်သား ခဲ့ကြောင်းသိရသည်။


 ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)